ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်
အမေရိကန်နိုင်ငံက ယူကရိန်းသို့ မိုင်း ၁၀၀ အကွာအဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သော ဒုံးကျည် တွေ ပေးပို့မှာဖြစ်ရာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်တော့မှာဖြစ်ပါတယ်။
စစ်လက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့ ယူကရိန်းနိုင်ငံရဲ့တောင်းဆိုချက် ဖြည့်ဆည်းပေးဖို့ အနောက်နိုင်ငံ တွေ ရုန်းကန်နေရတာကြောင့် အမေရိကန်က ယူကရိန်းသို့ GLSDB ဒုံးကျည်တွေ ပေးပို့ဖို့ စဉ်းစားနေတာဖြစ်ပါ တယ်။
ယခုပေးပို့မယ့် GLSDB ဒုံးကျည်တွေက ထုတ်လုပ်ဖို့ အကုန်အကျသက်သာပြီး ဟိုင်းမားဒုံးကျည်တွေ ထက် အကွာအဝေးနှစ်ဆအထိ ပစ်ခတ်နိုင်ကာ နွေဉီးရာသီအတွင်း ယူကရိန်းမှာ ဖြန့်ကြက်နိုင်မယ်လို့ သိရပါ တယ်။
GLSDB ဒုံးကျည်တွေက အချင်းဝက် သုံးပေးထက်ငယ်နဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ကာ သံချပ်ကာယာဉ် တွေ၊ အဆောက်အအုံတွေကို ဖျက်ဆီးနိုင်တယ်လို့ ဆိုပါတယ်။
အရှေ့ဉရောပတိုက်ရှိ အမေရိကန်နိုင်ငံရဲ့ မဟာမိတ်တွေက ယူကရိန်းနိုင်ငံသို့ စစ်လက်နက်တွေ ထောက် ပံ့ဖို့ စစ်လက်နက်အများအပြား မှာယူနေတယ်လို့ သိရပါတယ်။
ယူကရိန်းအတွက် GLSDB ဒုံးကျည်တွေ ထုတ်လုပ်ဖို့နဲ့ပတ်သက်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ တင်ဂို မန်းက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကိုကူညီဖို့ အသင့်တော်ဆုံး ဒုံးကျည်စနစ်တွေ ထောက်ပံ့ဖို့စဉ်းစားနေတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းရှိ အခြေခံအဆောက်အအုံတွေအပေါ် ဒုံးကျည်တွေ မကုန်မချင်း တိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာနိုင်တယ်လို့ သမ္မတ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။
ကိုးကား – The Independent
Ref; US could send long-range missiles to Ukraine that can strike 100 miles away