ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ရှုတ်ချရာမှာ ဂျပန်အစိုးရ နဲ့ ပြည်သူလူထုက ပိုမို တက်ကြွမှုရှိရမယ်လို့ ဂျပန်ဒါရိုက် တာ တိုရူကူဘိုတာက အကျဉ်းထောင်မှ လွတ်မြောက်ပြီး နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်မြို့မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုကြောင့် အသက် ၂၆ နှစ် အရွယ် ကူဘိုတာ ဖမ်းဆီးခံခဲ့ရပါတယ်။

“ဂျပန်နိုင်ငံက မြန်မာနဲ့ စီးပွားရေးဆက်ဆံမှု အပါအဝင် ကြီးမားတဲ့ပတ်သက်မှုရှိပါတယ်။ အနာဂတ်မှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာပြည်သူတွေကို အန္တရာယ်ဖြစ်စေတဲ့နေရာမှာ သုံးစွဲခြင်းရှိ မရှိကို စိစစ်မယ်လို့ ကျွန် တော် မျှော်လင့်ပါတယ်” လို့ ယနေ့ တိုကျိုမြို့တော်ရှိ နိုင်ငံခြားသတင်းထောက်များအသင်းမှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အကျဉ်းကျနေသူတွေအတွက် ငရဲကျနေသလိုဖြစ်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု သိပ်မရတာကြောင့် မြန် မာနိုင်ငံတွင်း အခြေအနေက ပို၍ ဆိုးရွားလာတယ်လို့ သူက ဆိုပါတယ်။

အကျဉ်းသား အနည်းငယ်ကို လွှတ်ပေးခဲ့ပေမယ့် မြန်မာ နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၂၀၀၀ ထက်မနည်း မတရား ထိန်းသိမ်းခံရကာ အကျဉ်းကျနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ကူဘိုတာကို ပုဒ်မနဲ့စွဲချက်တင်ကာ ထောင်ဒဏ်ဆယ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် အမျိုး သားနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပြုရာမှာ သူလည်း ပါဝင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်မှတ်ထားမှုကိုခံနေရတဲ့ ဒီမိုကရေစီ ဆန္ဒပြသူတွေရဲ့ အတိဒုက္ခကို ပြည်သူ လူထုသိရှိအောင် လုပ်ဆောင်ပေးဖို့ သူကမျှော်လင့်နေပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက် ၁၇၀ ထက်မနည်း ဖမ်းဆီးထောင်ချခံရကာ ကူဘိုတာ အပါ အဝင် ငါးဉီးက ပြည်ပနိုင်ငံသားတွေဖြစ်တယ်လို့ ယူနက်စကိုက ပြောပါတယ်။

ကိုးကား – The Japan Times
Ref; Released Japanese filmmaker calls for greater scrutiny of Myanmar junta