ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ နိုဝင်ဘာလ ၂၈ ရက်
တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊မြိတ်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘုတ်တောင်အနီးပြီး ခဲ့သောနှစ်ရက် ခန့် ည ပိုင်းကခရီးသည်တွေနဲ့အတူ အယောင်ဆောင်ပြီးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်မှ ကြည်းတပ်အရာရှိတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ၂၆ ရက် ည ၆ နာရီခွဲခန့်အချိန်က ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘုတ်တောင်အနီး ယာဥ်အသွားအလာများကို တားဆီး စစ်ဆေးရာ မြိတ်ဖက်မှ ထားဝယ်သို့တက်လာသော ခရီးသည်တင်ယာဥ်ပေါ်၌ စစ်ကောင်စီ၏ ကြည်းတပ်မှ ဗိုလ်မှုး ဝင်းဌေးနိုင်ကို ဖမ်းဆီးရမိခဲ့ကြောင်း PDF ရဲဘော်တစ်ဦးက ဆိုသည်။
“ကျနော်တို့အဖွဲ့တွေက စစ်ကောင်စီတပ်သား တွေ အရပ်သားကားတွေနဲ့အယောင်ဆောင်ပြီးသွားနေတာကိုသိတယ်။ဒါကြောင့်အခုလို တားဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။ခရီးသည်တွေကိုတော့စစ်ဆေးမေးမြန်းပြီးပြန်လွှတ်ပေးခဲ့တယ်။ အဲဒီ ဗိုလ်မှူးကိုတော့ကျနော်တို့ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားချိန် PDFရဲဘော်တစ်ဦးရဲ့ လက်နက်ကိုလုယူရန်ကြိုးစားတာကြောင့် မိမိတို့၏ အဖွဲ့ရဲ့ အသက်အန္တရာယ်ကိုကို ကာကွယ်သည့်အနေနဲ့ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ယင်း ဝင်းဌေးနိုင် ဆိုသူမှာ စစ်ကောင်စီ၏ (ကြည်း)တပ်မှ အရာရှိဗိုလ်မှူးတစ်ဦးဖြစ်ပြီးပုလောတပ်ရင်းမှ ထားဝယ်မြို့ရှိ တပ်ရင်းတစ်ခုသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် သွားရောက်စဥ် လမ်းခုလတ်မှာ ပြည်သူ့ကာကွယ်ရေးတပ်များ၏ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထားဝယ်-မြိတ်ကားလမ်းမတွင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားမျာဲး ထိတွေ့တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ခရီးသွားပြည်သူလူထုများအနေဖြင့် ည (၆) နာရီ မှ နံနက်(၄)နာရီအတွင်း အဆိုပါလမ်းမပေါ်၌ ဖြတ်သန်းသွားလာခြင်းများမပြုလုပ်ကြပါရန် တော်လှန်ရေးအင်အားစုများက
သတိပေးစာထုတ်ပြန်ထားသည်။
#Ayeyarwaddy_Times