ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ၊ ညောင်နှစ်ပင်ဇုန် ၁ အနီးစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်အစောပိုင်းအချိန်တွင် ရိုဟင်ဂျာ ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း လှည်းကူးမြို့ခံများထံကသိရ သည်။

ဖမ်းဆီးခံရသူ ရိုဟင်ဂျာများကို ၁၂ ဘီးကားဖြင့်တင် ဆောင်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးရာမှ ကလေးငယ်များအပါအဝင် အမျိုးသား ၅၄ ဦး၊အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၆၈ ဦးဟုသိရပြီး ၎င်းတို့အား လှည်းကူးမြို့မရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ထား သည်ဟုဆိုသည်။

”မနက်က ဖမ်းဆီးခံရတာပါ၊ လှည်းကူးမြို့မစခန်းအပိုင်တော့မဟုတ်ဘူး၊ နယ်မြေရဲစခန်းအပိုင်ထဲမှာ။ ချုပ်တာကတော့ လှည်းကူးမြို့မရဲစခန်းကိုခေါ်လာပြီး ချုပ်ထားတယ်။ အားလုံး ၆၈ ယောက်” ဟု လှည်းကူးရဲတပ်ဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းတွင်လည်း လှည်းကူးမြို့နယ်၊ဒါးပိန်ရွာအနီး၊ အမြန်လမ်း ၀ မိုင်နှင့် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊အမှတ် ၃ လမ်းမပေါ်တို့တွင် ရိုဟင်ဂျာ ၃၀ ကျော်ဖမ်းဆီး ခံခဲ့ရကြောင်းသိရသည်။

#လှည်းကူး #ရိုဟင်ဂျာ #၆၀ ကျော် #ဖမ်းဆီးခံရ #AyeyarwaddyTimes