ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်
ဗြိတိန်နိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှု တိုးမြှင့်သွားမယ့်အကြောင်း ဝန် ကြီးချုပ် ရီရှီဆူနတ်ခ်က ယနေ့ ကြေညာလိုက်တယ်လို့ သိရပါတယ်။
“ရုရှားကျူးကျော်စစ်ပွဲ ရှိနေသရွေ့ ယူကရိန်းနိုင်ငံနဲ့အတူ ကျွန်တော်တို့ ရပ်တည်သွားမှာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ ယူကရိန်းကို စစ်ရေးအကူအညီ တိုးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။ ယူကရိန်းပြည်သူ တွေနဲ့ အခြေခံအဆောက်အအုံတွေကိုကာကွယ်ဖို့ ကျွန်တော်တို့ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့မှာဖြစ်ပါတယ်” လို့ ဆူနတ်ခ်က ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ရေရှည်မဟာဗျူဟာ ဖော်ဆောင်ဖို့လိုအပ်ပုံကိုလည်း ဆူနတ်ခ်က ထုတ်ဖော်ပြောခဲ့ပါတယ်။ လွတ်လပ်မှုနဲ့ တရားဉပဒေစိုးမိုးရေးကို ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာ ကွယ်စောင့်ရှောက်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေကလည်း ရေရှည်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေပြီး တိုင်းပြည်၏ တန် ဖိုးများ၊ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နည်းလမ်းသစ်နဲ့ လုပ်ဆောင်မယ်လို့ သူက ပြောပါတယ်။
ဗြိတိန်က ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီက စတာလင်ပေါင် ၃ ဒသမ ၆ ဘီလီယံကျော်အထိ ရှိသွားခဲ့ပြီလို့ နိုဝင်ဘာလ ၁၉ ရက်က ကိယက်ဗ်မြို့တော်သို့သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း ဆူနတ်ခ်က ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက ယူကရိန်းသို့ ရာနဲ့ချီတဲ့ တင့်ဖျက်စက်တွေ၊ သံချပ်ကာယာဉ်တွေ၊ အမ်၁၀၉ ဟောင်ဝှစ်ဇာ အမြောက်တွေ၊ အတွဲလိုက်ပစ်ဒုံးတွေ၊ အမြောက်ကျည်ဆံတွေနဲ့ ခဲယမ်းမီးကျောက်တွေ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေရသရွေ့ ယူကရိန်းသို့ လိုအပ်တဲ့ စစ်ရေးအကူအညီတွေ ပေးအပ် မယ်လို့ နေတိုးအဖွဲ့ အကြီးအကဲကလည်း မကြာသေးမီက ကတိပြုခဲ့ပါတယ်။
ကိုးကား – TASS
Ref; UK military aid to Ukraine may increase in 2023