နွေဦး/ဧရာဝတီတိုင်းမ်
(သထုံ)၊ နိုဝင်ဘာလ ၂၈ ရက်

သထုံခရိုင်မှာရှိတဲ့ KUN တပ်မဟာ ၁ နယ်မြေထဲကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စတင်ကာ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီလောက်က စတင်ကာ တပ်မဟာ ၁ ရုံးစိုက်ထားတဲ့ ကျေးရွာတွေ အပါဝင် အနီးနားက ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကျဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“တပ်မဟာ ၁ ရုံးစိုက်ထားတဲ့နေရာလာကြဲတာ လူတွေတော့ ထိတာမျိုးမရှိဘူး အနီးနားက ကျေးရွာတွေလည်း အိမ်တွေပျက်စီးကုန်တယ် ရစရာမရှိတော့ဘူ”းလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တပ်မဟာ ၁ ရုံးစိုက်ရာအနီးတဝိုက်ကျေးရွာတွေကို လေကြောင်းအသုံးပြု ဗုံးကြဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုမရှိပေမယ့် အဆောက်အဦတွေတော့ ရစရာ မရှိအောင် ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

တပ်မဟာ ၁ ရုံးစိုက်ရာ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းထိ ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ကျေးရွာတွေမှာ ဆက်လက်မနေရဲတော့ဘဲ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
#Ayeyarwaddy_Times