ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၁ရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ယနေ့နိုဝင်ဘာလ ၂၈ ရက် မနက် ၈ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ရပ်ကွက်နေထိုင်သူများ၏ပြောပြချက်အရ သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၁ ရပ်ကွက်၊ ရွှေလီ ၅ လမ်း၊ ရပ်ကွက်ဓမ္မာရုံ၌ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စုဝေးနေစဥ် လူနှစ်ဦးမှ ထောက်ခံစာလုပ်မည်ဟု ဝင်ရောက်လာပြီး သေ နတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ရပ်ကွက်ရုံးဆို အဲဒီလိုပစ်ခံရမှာဆိုးလို့ ရပ်ကွက်ဓမ္မာရုံထဲ နေရာပြောင်း ရုံးထိုင်ကြတာ။ အဲဒီမှာ မနက်က လူနှစ်ယောက်ဝင်လာပြီး ထောက်ခံစာလုပ်မလို့ဆိုပြီး ထိုင်နေတဲ့ အုပ်ကြီးအဖွဲ့ကို သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီးအေး ဆေးပဲ ပြန်ထွက်သွားကြတာ” ဟု စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူရပ်ကွက်နေသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြော သည်။

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ကျော်သန်းတွင် ဝမ်း ဗိုက်၊ ဆီးခုံနှင့် ပေါင်တွင်ကျည်ထိမှန်၍ ရာအိမ်မှူး စန်းလှိုင်ဝင်းမှာ ဆီးခုံထိမှန်ပြီး စစ်ဆေးရုံသို့ပို့ဆောင်စဥ်သေဆုံးခဲ့ပြီး ယာဥ်မောင်း အောင်နိုင်သူဆိုသူမှာ လက် မောင်းထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့နှင့်နီးစပ်သူမှ”သူတို့က ၆ယောက်ထိုင်နေကြတာ။ အဲဒီထဲကမှ ရွေးပစ်သွားတာ။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးက ပစ်ခံရတဲ့​ဒဏ်ရာကြောင့် သေတယ်။ သူတို့ယာဥ်မောင်းကတော့ မသေဘူး”ဟု အတည်ပြုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအားပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#ဒဂုံမြို့သစ် #ဆိပ်ကမ်း #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးအဖွဲ့ #ပစ်ခတ်ခံရ #၂ ဦးသေဆုံး #AyeyarwaddyTimes