ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်
ရှန်ဟိုင်းမြို့တော်က ဆန္ဒပြပွဲတစ်ခုမှာ သတင်းယူနေတဲ့ ဘီဘီစီသတင်းဌာနမှ သတင်းထောက်တစ်ဉီးကို တရုတ်ရဲတပ်ဖွဲ့က ထိုးကြိတ်ကန်ကျောက်ကာ နာရီပေါင်းများစွာ ထိန်းသိမ်းပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ပြောပါတယ်။
“ရှန်ဟိုင်းမြို့က ဆန္ဒပြပွဲတစ်ခုမှာ သတင်းယူနေတဲ့သတင်းထောက် အဒ်လောရင့်ကို ဖမ်းဆီးကာ လက် ထိပ်ခတ်ခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့ရဲ့ အပြုအမူနဲ့ပတ်သက်လို့ ဘီဘီစီသတင်းဌာနက အလွန်ကို စိုးရိမ်ပါတယ်” လို့ ဗြိ တိန်နိုင်ငံပိုင် ဘီဘီစီသတင်းဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရုတ်ရဲတွေက ကင်မရာသမားတစ်ဉီးဖြစ်သူ အဒ်လောရင့်ကို လက်ထိပ်ခတ်ပြီး မြေကြီးပေါ်တွင် တရွက် တိုက်ဆွဲသွားပုံကို လူမှုကွန်ရက်ပေါ်ရှိ ရုပ်သံဖိုင်တွေက ပြသခဲ့ပါတယ်။
“သူဟာ နာရီပေါင်းများစွာကြာအောင် ထိန်းသိမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရစဉ်အတွင်း ရဲတွေက သူ့ကို ရိုက်နှက်ပြီး ကန်ကျောက်ခဲ့ပါတယ်။ အသိအမှတ်ပြု သတင်းထောက်တစ်ဉီးအဖြစ် သတင်းယူနေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ” လို့ ဘီဘီစီသတင်းဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လူအုပ်ကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် အဒ်လောရင့်ကို ဖမ်းဆီးခဲ့တာလို့ တရုတ် တာဝန်ရှိသူ တွေက ပြောပေမယ့် ယုံကြည်လောက်ဖွယ် ရှင်းလင်းချက်တစ်ခုမဟုတ်ဖူးလို့ ဘီဘီစီက ပြောပါတယ်။
ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် ကယ်ဆယ်ရေးလုပ်မယ့် ကြိုးပမ်းမှုတွေ အဟန့်အတားဖြစ်ခဲ့ရ တယ်ဆိုတဲ့ ရှင်းကျင့်ပြည်နယ်က လူအသေအပျောက်ရှိသော မီးလောင်မှုတစ်ခုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံတစ် ဝန်းရှိ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ရှန်ဟိုင်းမြို့တော်မှာ စနေနဲ့တနင်္ဂနွေနေ့မှာ လူအုပ်များ စုဝေးကာ သေဆုံးသူတွေအတွက် ဝမ်းနည်း ကြောင်းဆုတောင်းကာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; BBC says Chinese police assaulted journalist covering protest