ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်
အသက် ၆၄ နှစ်အရွယ် နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာမာကဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ ဘီလာရုစ် သမ္မတရုံးက နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
ဝန်ကြီး ဗလာဒီမာမာကဲ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဘီလာရုစ် နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ သော်လည်း သေဆုံးရသောအကြောင်းရင်းကို အသေးစိတ် မဖော်ပြခဲ့ပေ။
ဗလာဒီမာမာကဲဟာ ဖေဖော်ဝါရီလအတွင်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် ဘီလာရုစ် နိုင်ငံမှာ ရုရှားနဲ့ယူကရိန်းမှ ကိုယ်စားလှယ်အဖွဲ့တွေကြား အစည်းအဝေးတွေ ဉီးဆောင်ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပြုလုပ်တဲ့ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ချိန်မှာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ သူက ရုရှားနဲ့ယူကရိန်းကို တိုက်တွန်းခဲ့ပါ တယ်။
လာမယ့် တနင်္လာနေ့မှာ ဗလာဒီမာမာကဲက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရောဗ့်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
ဗလာဒီမာမာကဲဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်မလာမီ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုရဲ့ လက်ထောက်နဲ့ ဝန်ကြီးအကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ဗလာဒီမာမာကဲဟာ ရုရှားနဲ့ဘီလာရုစ်ကြား နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်ခဲ့ပြီး သူ ကွယ် လွန်မှုဟာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဘီလာရုစ်ရှိ ရုရှားသံရုံးက လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Belarus foreign minister dies suddenly