ဧရာဝတီတိုင်းမ်
(လောင်းလုံး)၊ နိုဝင်ဘာလ ၂၇ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင်း ထားဝယ်မှ ကျောက်နီမော်ရွာသို့သွားသည့် လမ်းပိုင်းတစ်နေရတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်အပါအဝင် ၄ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Launglone People Defense Forceမှ သတင်းထုတ်ပြန်ထားသည်။
ပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်သည် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းတွင်နေထိုင်ကာ ထားဝယ်နှင့် ကျောက်နီမော်ကြားရေကြောင်းဖြင့်အချိန်မရွေားသွားလာနိုင်သူဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်တွင် ၎င်းအားလုံခြုံရေးယူပေးသည့် ပျူစောထီးအဖွဲ့ဝင် ၃ ဦးနှင့်အတူရှင်းလင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာများကို စစ်ကောင်စီ၏ စက်လှေ၊ စပိဘုတ်များဖြင့်ရေကြောင်းမှသယ်ယူပို့ဆောင်လေ့ရှိပြီး လက်ရှိတွင် ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်အတွက် လက်နက်ခဲယမ်း၊ ကျည်ဆံများအား ဝယ်ယူဖြည့်တင်းရာတွင် ကူညီပေးနေသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းတို့အဖွဲ့နှင့်အတူ စွန်ရဲဓားပြအဖွဲ့မှ ဓားပြတိုက်လုယူထားသည်ဟု ယူဆရသည့် ရွှေငွေလက်ဝတ်ရတနာများ၊ ငွေကျပ် ၃၁၃၈၀၀၀ ကျပ် အပါအဝင် စကားပြောစက်၊ ဓား၂လက်၊ ဖုန်းကဒ်၊ ပိုက်ဆံအိတ် စသည့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပျူခေါင်းဆောင်ဒေါ်ဝင်းခိုင်ကျော်မှာ သားဖြစ်သူရေတပ်ဗိုလ်ကြီးအရှိန်အဝါဖြင့် အာဏာပြနေသူဖြစ်ပြီး ၎င်းအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပျောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွေ ရေးသားဖော်ပြချက်အရ သိရသည်။
#လောင်းလုံး #ပျူစောထီး #ရှင်းလင်း
#Ayeyarwaddy_Times