ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်
မြန်မာနိုင်ငံရဲ့ ကြာရှည်နေပြီဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခကကို ဖြေရှင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ အာဆီယံ အ လှည့်ကျဥက္ကဌတာဝန်ကို တာဝန်ယူချိန် ၂၀၂၃ ခုနှစ်မှာ အာဆီယံရဲ့ အရေးပါမှုကိုပြသဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုး ပမ်းမယ်လို့ သိရပါတယ်။
“ကမ္ဘာ့အရေး အခြေအနေဆိုးရွားလာချိန်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ကို ယူရမှာဖြစ်ပါတယ်။ မြန်မာ့အရေးဟာ အာဆီယံအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန် ကြီး ရတ်နိုမာဆူဒီက နိုင်ငံခြားရေးမူဝါဒ ဖိုရမ်တစ်ခုမှာ အွန်လိုင်းမှတစ်ဆင့် ပြောပါတယ်။
အာဆီယံဥက္ကဌအဖြစ် တာဝန်ယူပါက မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှားနဲ့ ယင်း၏မဟာဗျူဟာအပေါ် ကမ္ဘာ့နိုင်ငံတွေက စောင့်ကြည့်မှာ သေချာပေါက်ဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ယခင် အာဆီယံအလှည့်ကျဥက္ကဌနှစ်နိုင်ငံရဲ့ လုပ်ဆောင်မှုအတိုင်း အင်ဒိုနီး ရှားနိုင်ငံက ဆောင်ရွက်မယ်လို့ အာဆီယံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဒါရီအေမန်းက ပြော ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးဖြေရှင်းရာမှာ သဘောတူညီထားတဲ့ တူညီဆန္ဒဖော်ဆောင်ဖို့နဲ့ သက် ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကြဖို့ တောင်းဆိုမှာဖြစ်ပါ တယ်။
မြန်မာစစ်ကောင်စီက တူညီဆန္ဒကို မလေးမစားပြုလုပ်ပါက အင်ဒိုနီးရှားဉီးဆောင်တဲ့ အာဆီယံအဖွဲ့က မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းရာတွင် အဲဒီတူညီဆန္ဒက ဆက်လက်ပြီး အရေးပါခြင်းရှိ မရှိ အဖွဲ့ဝင်နိုင် ငံတွေကြား ဆွေးနွေးရမယ်လို့ သူက ဆိုပါတယ်။
ယခင် အာဆီယံဥက္ကဌတွေက ထိပ်တန်းသံတမန်များကို အထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့သော် လည်း အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မည်သူဖြစ်လာမည်ကို မသိဘူးလို့ သူက ဆိုပါ တယ်။
“ယခင် အာဆီယံအလှည့်ကျဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားက သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး တွေကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – Jakarta Globe
Ref; 2023 Chair Indonesia Wants to Show ASEAN Matters