ဧရာဝတီတိုင်းမ်
(အမရပူရ)၊ နိုဝင်ဘာလ ၂၇ ရက်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် Truth Keeping Force – Amarapura အဖွဲ့ မှ Page တာဝန်ရှိသူ အပါ အဝင် ရဲဘော် ၃ ဦး ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

အမရပူရမြို့နယ်ဆေးရုံတစ်ခုတွင် ခြေထောက်ဒဏ်ရာရရှိ၍ ဆေးရုံတက်‌ကုသ‌နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ facebook Page ကိုင်သည့်ရဲဘော်ပါ ပါဝင်သဖြင့် စစ်ကောင်စီဘက်မှ page အားထိန်းချုပ်ထားသည်ဟုယူဆရကြောင်း မဟာမိတ်တပ်ဖွဲ့ခေါင်း ဆောင်ကအတည်ပြုပြောသည်။

“ကျွန်တော်တို့အဖွဲ့ရဲ့ မဟာမိတ်အဖွဲ့က page admin ပါအဖမ်းခံရတာ၊ ခြေထောက်ကျိုးဒဏ်ရာရလို့ ဆေးရုံတင်ထားတာ၊ နေ့လည်လောက်တည်းကအဆက်သွယ်ပြတ်သွားတာ၊ ညမှဖမ်းခံရမှန်းသိတယ်၊ pageကိုင်တဲ့သူပါပါတယ်ဆိုတော့လုံခြုံရေးအရစိတ်ပူရတယ်။ Page ကို စစ်ကောင်စီဘက်ကထိန်းချုပ်ထားပြီလို့ယူဆရတယ် ” ဟု ဖမ်းဆီးခံရသည့်အဖွဲ့၏မဟာမိတ်တပ်ဖွဲ့ Myitnge People Defense Force အဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရမှုကြောင့် Truth Keeping Force – Amarapura Page အား ပြည်သူများမှဆက်သွယ်ခြင်းမပြုရန်နှင့် အဆိုပါအဖွဲ့ဝင်များနှင့် အဆက်သွယ်ရှိသူများ လုံခြုံရေးအရဂရုစိုက်ရန်လည်း Myitnge People Defense Force မှ သတိပေး ထုတ်ပြန်ထားပါသည်။

#အမရပူရ #PDF #ဖမ်းဆီးခံရ #AyeyarwaddyTimes