ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျင့်ပြည်နယ်မှာ လူဆယ်ဉီး သေဆုံးခဲ့တဲ့ လူနေအဆောက်အအုံ တစ်လုံး မီးလောင်မှုတစ်ခု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒ ပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံကာ အတားအဆီးကို ချိုးဖျက်ပြီး “လော့ဒေါင်းချ တာ ရပ်တန့်ပါ” လို့ အော်ဟစ်ခဲ့ကြပါတယ်။

ကြာသပတေးနေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုမှာ ကန့်သတ်ချက်ကြောင့် လူအချို့ အသက်ဘေးမှ မ လွတ်မြောက်ခဲ့ဆိုတဲ့ စွပ်စွဲချက်တွေကို ယူရမ်ကွီမြို့တော် အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပါတယ်။ ရှင်းကျင့်ပြည် နယ်ရဲ့မြို့တော် ယူရမ်ကွီမြို့မှာ ဇူလိုင်လကုန်ကတည်းက လော့ဒေါင်းချထားခဲ့ပါတယ်။

မီးလောင်ရာ အဆောက်အအုံဝန်းကျင်မှလူတွေကို နေအိမ်တွေကနေ ထွက်ခွာခွင့်မပြုဘူးလို့ ဒေသခံတစ် ဉီးက အစောပိုင်းမှာ ဘီဘီစီကို ပြောပြခဲ့ပါတယ်။ မြို့တော်အာဏာပိုင်တွေက သောကြာနေ့နှောင်းပိုင်းမှာ တောင်း ပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး တာဝန်လစ်ဟင်းသူတွေကို အပြစ်ပေးမယ်လို့ ပြောပါတယ်။

နှာခေါင်းစည်းတပ်ထားသူ အများစုပါဝင်တဲ့ ဒေသခံတွေဟာ မနေ့ကညပိုင်းမှာ လမ်းမတွေပေါ် စုဝေးခဲ့ ပြီး သံပြိုင်ဟစ်ကာ တာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ကြပါတယ်။ ဘီဘီစီက စောင့်ကြည့်ခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့် တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ဆန္ဒပြသူတွေက မြို့တော်အဆောက်အအုံရှေ့မှာ စုဝေးခဲ့တာကို တွေ့မြင်ရပါတယ်။

လျှပ်စစ်ဓာတ်အား ချို့ယွင်းချက်ကြောင့်ဖြစ်ပွားတဲ့ ယူရမ်ကွီမြို့တော်ရှိ လူနေအဆောက်အအုံ မီးလောင် မှုမှာ လူဆယ်ဉီး သေဆုံးပြီး ကိုးဉီး ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် မီးငြိှမ်းသတ်ရေး ကြိုးပမ်းမှုတွေ အဟန့်အတားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီစွပ်စွဲချက်တွေကို မြို့တော် တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့ပြီး မီးလောင်ရာ အဆောက်အအုံသို့ ဝင် ရောက်မယ့် မီးသတ်ယာဉ်တွေက ရပ်ထားတဲ့ယာဉ်တွေကြောင့် အဟန့်အတားဖြစ်ကာ မီးငြိှမ်းသတ်မှု နောက်ကျခဲ့ ရတယ်လို့ ပြစ်တင်ခဲ့ပါတယ်။

အစိုးရရဲ့ ကိုဗစ်ကူးစက်မှု သုညရာခိုင်နှုန်း မဟာဗျူဟာ ချမှတ်ထားတဲ့ တရုတ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ တစ် ခါတစ်ရံသာ ဖြစ်ပွားလေ့ရှိပါတယ်။

တင်းကျပ်တဲ့ လော့ဒေါင်းတဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ကျောင်ကျိုးမြို့မှာ ကွမ်ကျိုး မြို့အထိ မကြာသေးမီက အကြမ်းဖက်ဆန္ဒပြပွဲတေွ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား – BBC
Ref; China Xinjiang: Urumqi rocked by Covid lockdown protests after deadly fire