ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးရဲ့ မိန်းမဖြစ်သူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့တယ် လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်ရဲ့ မိန်းမဖြစ်သူကို ၁ လနီးပါးဖမ်းဆီးထားပြီးမှ စစ်ကောင်စီက ခုလိုမျိုး အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ အဓိကတော့ PDF တွေကို ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းသွားတာ ၁ လလောက်ကြာပြီထင်တယ် အမှုဖွင့်တာတော့ ၂၀ ရက်နေ့ကမှဖွင့်တာ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က ဖျာပုံမြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ခံရတဲ့ အထဲမှာ ရဲတပ်ဖွဲ့ဝင်ရဲ့ မိန်းမဖြစ်သူ မကေသီဝင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ မဆွေဆွေလှိုနဲ့ လုပ်ငန်းရှင် ၁ ဦးလည်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး မိန်းမ ၅ ဦးလောက်ကို ဖမ်းဆီးစစ်ဆေးနေတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
#ဖျာပုံမြို့ #ရဲမိန်းမ #အကြမ်းဖက်ဥပဒေ #အမှုဖွင့် #စစ်ကောင်စီ #Ayeyarwaddy_Times