ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်သားတွေက မြို့ဝင်ထွက်နေရာတွေနဲ့ မြို့ရဲ့လူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ပေါ်ရပ်ကွက်တိုင်ကို စစ်တပ်က တပ်ဖြန့်ချထားပြီး လူစည်ကားတဲ့နေရာတွေကို ပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဘေလီထပ်၊ ကျောက်ဝိုင်း၊ ပန်းတင်တံတားထိပ် ပြီးတော့ ကျေးရွာတွေကို သွားတဲ့ဘက်တွေ အဲ့လိုမျိုး ပိတ်စစ်တာ ပြီးတော့ ပစ်သံတွေလည်း ခဏခဏ ကြားနေရတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက နေရာခွဲပြီး ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေသလို ကျေးရွာ တွေဘက် အနီးတဝိုက်မှာလည်း တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရ တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်တက်လာပေမယ့် ကျောက်စိမ်း ခိုးတူးတာ တွေရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတွေဘက်မှာနေထိုင်တဲ့ ဒေသခံတွေပြည်သူအချို့ကတော့ တိုက်ပွဲတွေဖြစ်ပေါ်လာမှာ ဆိုးတာ ကြောင့် နီးစပ်ရာ အမျိုးတွေနေအိမ်ကို ကြိုတင်ရှောင်တာမျိုးလည်း ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။
#ဖားကန့်မြို့ #စစ်ကောင်စီ #ပိတ်ဆို့စစ်ဆေး #Ayeyarwaddy_Times