နွေဦး/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၂၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လက်အောက်ခံရဲတွေ သတင်းပေး ဒလန်တွေ ပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာတဲ့အခါ လေပေါင်ချိန်ပြီး ငွေတောင်း တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့မှာရှိတဲ့ စစ်ဦးစီးပထမတန်းအဆင့် ဂျီဝမ်း ဒုဗိုလ်မှူးကြီး နိုင်လွင်ရဲ့ အမိန့်နဲ့ဆိုကာ ရပ်ကွက်တွေ ထဲထိ စစ်ကောင်စီတပ်သားတွေ လက်အောက်ခံရဲတွေနဲ့ သတင်းပေးဒလန်တွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဆိုင်ကယ်ဖမ်းတာက ယာဉ်ထိန်းရဲအလုပ်ဆိုပေမယ့် ခုက ဒလန်တွေရော နယ်ထိန်းရဲတွေရော ဆင်းဖမ်းနေတာ နောက်ဆုံး ဖမ်းစရာမရှိရင် ဆိုင်ကယ်ဘီးကို လေပေါင်ချိန်ခိုင်းပြီးတော့ ငွေတောင်းတာ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ လက်အောက်ခံရဲတွေနဲ့ သတင်းပေးဒလန်တွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို လေပေါင်ချိန်ပြီး လေပေါင်မပြည့်တာ ကျော်နေတာတွေကို ငွေကျပ် အနည်းဆုံး ၂ သောင်းထိတောင်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က လူစည်ကားတဲ့နေရာတွေမှာ စစ်ဆေးတာရှိပေမယ့် စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့ သတင်းပေးဒလန် တွေက ရပ်ကွက်တွေထဲထိလိုက်ပြီး ဆိုင်ကယ်ဖမ်းဆီးငွေရှာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

#မအူပင် #ဆိုင်ကယ် #လေပေါင်ချိန် #Ayeyarwaddy_Times