ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်
ရုရှားကျူးကျော်စစ်ကိုခုခံကာကွယ်နေရသရွေ့ ယူကရိန်းသို့ လိုအပ်သမျှ စစ်ရေးအကူအညီတွေ ပေးအပ် မယ်လို့ နေတိုးအဖွဲ့ အကြီးအကဲ ဂျန်စတိုတန်ဘတ်ဂ်က ကတိပြုလိုက်ပါတယ်။
လာမယ့်သီတင်းပတ်အတွင်း ရိုမေးနီးယားနိုင်ငံမှာပြုလုပ်မဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အ စည်းအဝေးမတိုင်မီ စတိုတန်ဘတ်ဂ်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အခြား စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ဖို့ လည်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို သူက တောင်းဆိုလိုက်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းသို့ လောင်စာဆီ၊ ဆေးဝါး၊ ဆောင်းရာသီသုံး ပစ္စည်းကိရိယာတွေနဲ့ ဒရုန်းဖျက်လက်နက်တွေ ပေးပို့ခဲ့တယ်လို့ သူက ဆိုပါတယ်။
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တော်မှာ လာမယ့်သီတင်းပတ်အတွင်း နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကျင်းပချိန်တွင် ယူကရိန်းသို့ စစ်ရေးအကူအညီ ပိုမိုပေးအပ်ဖို့ တောင်းဆိုမယ်လို့ စတိုတန် ဘတ်ဂ်က ပြောပါတယ်။
ရေရှည်မှာ ယူကရိန်းစစ်တပ်ရဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ် စစ်လက်နက်တွေကို နေတိုးအဖွဲ့စံချိန် ခေတ်မီစစ်လက်နက်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်ပုံကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
ဓာတ်ပုံ – နေတိုးအဖွဲ့ဝင်နိုင်ငံကာကွယ်ရေဝန်ကြီးများအစည်းအဝေးလုပ်ဆောင်နေစဥ်(ပုံဟောင်း)
ကိုးကား – NHK
Ref; NATO chief vows to keep supporting Ukraine