ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

နေတိုးအဖွဲ့က မြောက်ပိုင်းပင်လယ်နဲ့ မြေထဲပင်လယ်အတွင်းသို့ တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော ငါးစင်း ဖြန့်ကြက်လိုက်ပြီလို့ သိရပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ ထုတ်ပြန်ထားတဲ့အတိုင်း လက်ရှိမှာ အမေရိကန် နိုင်ငံမှ လေယာဉ်တင်သင်္ဘောနှစ်စင်း၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံမှ လေယာဉ်တင်သင်္ဘောသုံးစင်းက အဆိုပါ ပင်လယ်တွေမှာ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောအုပ်စုမှာ ဖျက်သင်္ဘောတွေ၊ တာဝေးပစ်ဒုံးကျည်တွေတပ်ဆင်ထားတဲ့ ရေငုပ်သ င်္ဘောတွေလည်း ပါဝင်သင့်တယ်ဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

အမေရိကန်ရေတပ်ရဲ့ တိုက်ခိုက်ရေးရေယာဉ်အုပ်စုကို ဗြိတိန်နိုင်ငံရဲ့ ခေတ်အမီဆုံး HMS Queen Elizabeth နဲ့အတူ မြောက်ပိုင်းပင်လယ်အတွင်းသို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘော USS George H.W ကို ပြင်သစ်နဲ့ အီတလီနိုင်ငံမှ လေယာဉ်တင် သင်္ဘောတွေနဲ့အတူ မြေထဲပင်လယ်တောင်ပိုင်းသို့ ဖြန့်ကြက်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာဘဲ ပြင်သစ်နိုင်ငံမှ ရာဖေးလ်ဂျက်တိုက်လေယာဉ်တွေ၊ အမေရိကန်မှ EA-18 Growlers၊ တူရကီမှ အက်ဖ်-၁၆၊ စပိန်မှ ယူရိုဖိုက်တာ ဂျက်တိုက်လေယာဉ်တွေနဲ့ ပြင်သစ်မှ SAMP/T လေကြောင်းရန် ကာ ကွယ်ရေးစနစ်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ရိုမေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ ပင်လယ်နက်ကမ်းခြေရှိ ကာပူမီဒီ ယာ လေတပ်အခြေစိုက်စခန်းရှိရာ ဧရိယာတစ်ခုမှာ ပြုလုပ်တာဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံမှာ အခုလို စစ်ရေးလေ့ကျင့်မှုပြုလုပ်တာနဲ့ လေယာဉ်တင်သင်္ဘောတွေ ဖြန့်ကြက်တာ ဟာ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်လာနိုင်မှုကို တန်ပြန်ဖို့ဖြစ်ပါတယ်။

ကိုးကား – Defense Express
Ref; NATO Deployed Five Aircraft Carrier Strike Groups In Europe Against Russia