ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

ဧရာဝတီတိုင်းမှာ နေရာကွက်ပြီး မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးရွာနိုင်တဲ့ ရာနှုန်း ၈၀ ရာနှုန်းထိရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ဆဲလ်ရဲ့ အရှိန်ကြောင့် နိုင်ငံအနှံတိုင်းနဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းအထိ ဧရာဝတီတိုင်းအပါဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး မိုးရွာဖို့ ရာခိုင်းနှုန်း ၈၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း တွေကျရောက်နိုင်ပြီး လှိုင်အသင့်အတင့်ကနေ လှိုင်ကြီးနိုင်တယ်လို့ ထုတ်ပြန်သတိပေးထားပါတယ်။

မိုးသက်လေပြင်းကျချိန်မှာ ရေပြင် မြေပြင်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၃၀ ကနေ မိုင် ၃၅ မိုင်ထိ လေတိုက်ခတ်နိုင်ပြီး ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်အမြင့််ပေ ၇ ပေကနေ ၉ ပေအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

#ဧရာဝတီတိုင်း #မိုးလေဝသသတင်း #AyeyarwaddyTimes