ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျင့်ဒေသရှိ လူနေအဆောက်အအုံတစ်လုံးမှာ မီးလောင်မှုတစ်ခု ကြောင့် လူဆယ်ဉီး သေဆုံးကာ ကိုးဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အာ ဏာပိုင်တွေက ယနေ့ ပြောကြားလိုက်ပါတယ်။

ရှင်းကျင့်ပြည်နယ်ရဲ့မြို့တော် ယူရမ်ကွီမြို့တော်ရှိ အထပ်မြင့်အဆောက်အအုံတစ်လုံးမှာ မနေ့ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မီးတောက်ကို သုံးနာရီကြာ ငြိှမ်းသတ်ခဲ့ရတယ်လို့ သိရပါ တယ်။

အရေးပေါ်ကုသပေးခဲ့ပေမယ့် လူဆယ်ဉီး သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ဒဏ်ရာရရှိသူကိုးဉီးက အသက်အန္တရာယ် မစိုးရိမ်ရဘဲ မီးလောင်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပြီ လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း စက်မှုကုမ္ပဏီတစ်ခုမှာ မီးလောင်မှုတစ်ခုကြောင့် လူ ၃၈ ဉီး သေဆုံးပြီးနောက် ရက်အနည်းငယ်အကြာမှာ အခုလို လူနေအဆောက်အအုံ မီးလောင်ခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို လူလေးဉီးကို ထိန်းသိမ်းကာ ဒေသန္တရအာဏာပိုင်တွေက မီးဘေးန္တရာယ်ကင်း ရေး စစ်ဆေးမှုတွေပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အခြေခံအဆောက်အအုံတွေ သက်တမ်းအိုမင်းခြင်း၊ ဘေးအန္တရာယ်ကင်းရေး အသိပညာပေးမှုအားနည်း ခြင်းနဲ့ အဂတိလိုက်စားမှုတွေကြောင့် တရုတ်နိုင်ငံတစ်ဝန်း မီးလောင်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ လော့ဒေါင်းချမှုနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေက သန်း နဲ့ချီတဲ့ ပြည်သူတွေကို အကျိုးသက်ရောက်စေပါတယ်။

ဓာတ်ပုံ – WEIBO
ကိုးကား – CNA
Ref; Ten dead, nine injured in apartment fire in China’s Xinjiang: State media