ဧရာဝတီတိုင်းမ်
(မြိုင်)၊ နိုဝင်ဘာလ ၂၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်က မြိုင်မြို့မှထွက်လာသည့် စစ်ကာင်စီယာဉ်တန်းအား မြိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၁)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့မှ ကံမဘက်သို့ ဦးတည်ထွက်ခွာလာသည့် ၄ စီးပါစစ်ကောင်စီယာဉ်တန်းနှင့် ဆိုင်ကယ်များအား ကိုင်းတောမစခန်းနှင့် သရက်ကန်ပျူရွာ ကြားတွင် ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားရခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“ကား ၄ စီးရယ် ဆိုင်ကယ်တွေရယ်နဲ့ မြိုင်ကနေကံမဘက်သွားတာ၊ သေဆုံးတာတော့မသိရဘူး၊၇ ယောက်ဝန်းကျင် ဒဏ်ရာရတယ်၊ သရက်ကန်ပျူရွာကနေ ကင်ပုန်းလာစောင့်တဲ့ ပျူတွေကိုလဲ ဒီမနက် ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်တွင်လည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၊တပ်ခွဲ(၁)(၂)တို့ပူးပေါင်း၍ သရက်ကန်ပျူစောထီးစခန်းမှ ကင်းပုန်းယူရန်လာသည့် ပျူစောထီးများအားဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

#မြိုင် #ကင်းပုန်း #ပျူစောထီး #တိုက်ခိုက် #ဒဏ်ရာရ
#Ayeyarwaddy_Times