ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက် မနေ့ မနက်ပိုင်းက စပါးတင်ကားနဲ့ အတိုက်ခံရလို့ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၃ ရပ်ကွက် အောင်မင်္ဂလာ ၂ လမ်းဆုံးနားမှာ စပါးတင်လာတဲ့ကားက စက်ဘီးစီးလာတဲ့ အသက် ၁၄ နှစ်အရွယ်ကလေးကို ကန့်လန့်ဖြတ်တိုက်မိတာကြောင့် အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦး သေဆုံး ခဲ့တာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
“ ကလေးက ဆီခုံပေါက်တယ် ပြီးတော့ လက်မောင်းရိုးတွေကျိုးတယ် ပေါင်လည်းထိတာရှိတယ် ဒါက ဆေးမှတ်တမ်းအရ ပြောတာပါ ဆေးရုံပို့တဲ့လမ်းမှာ သေသွားတာ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စပါးအိတ်တွေတင်လာတဲ့ ကားက အသက် ၁၄ နှစ်အရွယ် ကလေးစီးလာတဲ့ ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိတာဖြစ်ပြီး မောင်းလာတဲ့ အသက် ၅၀ အရွယ် အောင်ဝင်စိုးကိုတော့ ဖမ်းမိထားပြီလို့ ဆိုပါတယ်။
အသက် ၁၄ နှစ်အရွယ်ကလေးသေဆုံးမှုနဲ့ ပတ်သက်ပြီး စပါးအိတ်တင်တဲ့ကားမောင်းသူ အောင်ဝင်စိုးကို ကျောင်းကုန်းမြို့မရဲစခန်းမှာ ယာဉ်(ပ) ၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ – က နဲ့ အမှုဖွင့်စစ်ဆေးတာ တွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။