ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ နိုဝင်ဘာလ ၂၅ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်ပြီး နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးတည်းသာ စီးနင်းခွင့်ပြုပြီး ညနေ(၆)နာရီမှ နောက်တစ်နေ့နံနက်(၈)နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း မြို့နယ်စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီးတွင် ယခုအချိန်၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအားရှင်းလင်းခြင်း၊ သတင်းပေးဒလန်များအားရှင်းလင်းခြင်း၊ ဌာနာဆိုင်ရာရုံးများအား ဗုံးခွဲခြင်း၊ လမ်းတွင်စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်လျှက်ရှိနေပြီး စစ်ကောင်စီဘက်မှအထိနာနေသည့်အတွက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အဆိုပါအချက်များကြောင့် ပြည်သူများ၏ ရေးနှင့်ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးဟုဆိုကာ အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါကလဲ တည်ဆဲဉပဒေများနှင့်အညီ အရေးယူမည်”ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါအမိန့်ထုတ်ပြန်ချက်မှာ နိုဝင်ဘာလ ၂၄ ရက်မှ ရက်ပေါင်း ၆၀ အထိ အတည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။

#ပခုက္ကူ #ဆိုင်ကယ် #စစ်ကောင်စီ