ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်
ဧရာ၀တီတိုင်း၊ ဇလွန်မြို့၊ လမ်းမတော်မြောက်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ လယ်ယာစိုက်ပျိုးရေးဘဏ်ရှေ့မှာ ယနေ့ နိုဝင်ဘာလ ၂၅ ရက် မနက် ၆ နာရီ ၁၀ မိနစ်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီမနက် စိုက်ဘဏ်ရှေ့မှာပေါက်တာ။ အသံကတစ်မြို့လုံးကြားရတယ်။ ထိခိုက်သူရှိမရှိတော့မသိဘူး။ ရဲတွေစစ်သားတွေ ရောက်နေလို့သွားမကြည့်ရဲဘူး။ မနက်၆နာရီလောက်ဆိုတော့ဘဏ်လဲမဖွင့်လောက်သေးဘူး”လို့ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ယနေ့ စိုက်ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့သိရပြီး လယ်သမားတွေရဲ့စိုက်ဘဏ်ချေးငွေတွေကိုစစ်ကောင်စီအတင်းဖိအားပေးပြန်ဆပ်ခိုင်းနေတာကြောင့် သတိပေးတဲ့အနေနဲ့ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ မြို့ခံတွေကသုံးသပ်ကြပါတယ်။
ဖောက်ခွဲမှုနဲ့ပတ်သတ်ပြီး ဟင်္သာတခရိုင်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များ နဲ့ ရဲများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ဇလွန် #စစ်ကောင်စီ #စိုက်ဘဏ် #ဗုံးပေါက်ကွဲ
#Ayeyarwaddy_Times