နွေဦး/ဧရာဝတီတိုင်းမ်
(ညောင်တုန်း)၊ နိုဝင်ဘာလ ၂၅ ရက်

ဧရာဝတီတိုင်းကို ရန်ကုန်ဘက်ကလာရင် စတင်ဖြတ်သန်းရတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ တပ်သားတွေက ခရီးသွားပြည်သူတွေကို Mask များပါ ဖြုတ်ခိုင်ပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဖြတ်သန်းသွားလာသမျှ ခရီးသွားပြည်သူတွေကို Mask ဖြုတ်ခိုင်းကာ သူတို့ ဆီမှာပါလာတဲ့ ဓါတ်ပုံတွေနဲ့ တိုင်ဆိုင်စစ်ဆေးတာတွေပြုလုပ်နေတာလို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ကားပေါ်ပါလာသမျှ ခရီးသွားတွေအားလုံးအောက်ဆင်းရတယ် သူတို့က Mask တွေပါ ချွတ်ခိုင်းပြီးတော့ သူတို့တွေမှာပါလာတဲ့ ဓါတ်ပုံတွေနဲ့တိုက်စစ်တာ ပုံတွေကိုတော့ သေချာမတွေ့ရဘူးလို့ ခရီးသွား ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခရီးသွားပြည်သူတွေကို ကားပေါ်က ဆင်းခိုင်းပြီး Mask တွေချွတ်ခိုင်းကာ ဓါတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးတာတွေပြုလုပ်တဲ့အပြင် လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေကို စစ်ဆေးတဲ့အခါမှာ စစ်ကောင်စီတပ်သားတွေ လက်အောက်ခံရဲတွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ သတင်းပေးဒလန်တွေပါဝင်တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ခုလိုမျိုး စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေ ပိုမို ပြုလုပ်လာတာလို့ ဆိုပါတယ်။