ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၄ ရက်
စစ်ကောင်စီ၏ ဥကရစ်ထစခန်းအား စစ်ကူလာသော စစ်သားများ၏ သေဆုံး၊ ထိခိုက်မှုများမှ မြင်ကွင်းအချို့အား ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်လိုက်ပါတယ်။
” စစ်ကောင်စီမှ ၎င်းတို့သိမ်းပိုက်ထားသည်ဟု ဝါဒဖြန့် မီဒီယာများတွင် ကြေညာထားသော ဥကရစ်ထ စခန်းကုန်းအနီး ဘုရားကုန်းမှ ရုပ်သံမြင်ကွင်းအား အများပြည်သူ အမှန်သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်” ဟု ကော်ဘရာစစ်ကြောင်းက ရေးသားဖော်ပြထားပါတယ်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုမှာ အင်အား ၆၆ ယောက်နဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ၂၀ ဦးထက်မနည်း သေဆုံးကာ ထွက်ပြေးသူတွေကြောင့် ဖရိုဖရဲဖြစ်သွားခဲ့ရတယ်လို့ သိရပါတယ်။