ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

ရှမ်းပြည်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာဘက်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ လွိုင်ကော် – မန္တလေး၊ လွိုင်ကော် – ရန်ကုန်လမ်းမပေါ်တွင် ကားများပိတ်မိနေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲမှာ ယနေ့မနက် ၁၀ နာရီခွဲခန့်က စတင်ကာဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေအား မသိရသေးပေ။

လက်ရှိအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ်
ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရပြီး ကုန်းဆုံရပ်ကွက်ရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့ကာ ဖယ်ခုံမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်များက စစ်ဆေးရေးများလုပ်ဆောင်နေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။