ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
ကရင်ပြည်နယ်မှာ အထိအခိုက်အကျဆုံးများနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အသက်မပြည့်သေးတဲ့သူတွေအပါဝင် ဒေသခံပြည်သူတွေကို ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်း အဖြစ်အသုံးပြုဖို့ ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ထံက သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းတွေက ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ်ကလေးတဦး အပါဝင် ဒေသခံ ၂၂ ဦးကို ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကေအဲန်ယူ ဗဟိုက ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ကော်ဟဲကျေးရွာက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးအပါဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၂၂ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒါ့ပြင် အဆိုပါကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တဲ့အခါ ဒေသခံပြည်သူ ၂၂ ဦးကို ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခဲ့တဲ့အပြင် ကြက် ၈၉ ကောင်၊ ဆိတ် ၄ ကောင်နဲ့ ငွေကျပ် ၃၄ သိန်းကျော် ဖိုး စိုက်ပျိုးသီးနှံတွေနဲ့ ပစ္စည်းတွေကို ဖျက်စီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်မှာ တပ်ရင်း ၃ ရင်းရှိပြီး KNLA/KNDO တို့နဲ့ ၈ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်တွေက ကျေးရွာတွေ ဘက် လက်နက်ကြီးတွေနဲ့ပစ်လို့ လူနေအိမ် ၈ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – ကေအဲန်ယူ – ဗဟို