ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နိုဝင်လာလ ၂၂ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်က လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ပ.က.ဖ)မှ ရဲဘော် ၆ ဦးမှကာကွယ်ရေးပစ္စည်းများနှင့်အတူ စခန်းမှထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

Launglone People Defense Force (LLPDF)မှ ရဲဘော်ဗိုက်ကလေး၊ ရဲဘော်ခွန်းဒေါင်း၊ ရဲဘော်ချီးဖိုင်၊ ရဲဘော်တုတ်ကြီး၊ ရဲဘော်ဒီးလောင်းဂီး၊တာဇံတို့ ၆ ဦး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့ ၆ ဦးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းက စခန်းအနီး သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်းတွင် စခန်းမှ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

လောင်းလုံး(ပ.က.ဖ) မှချမှတ်ထားသည့် စည်းမျဉ်းများချိုးဖောက်၍ ကာကွယ်ရေးပစ္စည်းများနှင့်အတူ ထွက်ပြေးသွားသည့် ရဲဘော်များအားလက်ခံထားသည့် အဖွဲ့အစည်းများရှိပါက အကြောင်းကြားပေးပါရန် ထုတ်ပြန်ချက်တင် ဖော်ပြထားပါသည်။

#လောင်းလုံ #ပကဖ #ရဲဘော် #လက်နက် #ထွက်ပြေး
#Ayeyarwaddy_Times