မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီတိုင်း)၊ နိုဝင်ဘာလ ၂၅ ရက်

အာဏာသိမ်းစစ်ကောင်စီက ဧရာဝတီတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ ဇနီးမိန်းမ ဖြစ်သူတွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကစတင်ကာ ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဇနီးဖြစ်သူတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ထားတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ဖမ်းထားတာတော့ အားလုံးဆို ၅ ဦးလောက်ရှိပြီး ဖျာပုံ၊ မော်ကျွန်းနဲ့ တခြားမိတ်ဖက်အဖွဲ့က စွပ်စွဲပြီး ဖမ်းတာလို့ ပြောရမယ် သက်သေအထောက်အထားပြတာမျိုး မရှိဘူး”လို့ ဧရာဝတီတိုင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမဖြစ်သူတွေကို ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးတာမျိုးမပြုလုပ်ဘဲ မိသားစုနဲ့အဆက်သွယ်မပြုလုပ်စေဘဲ စစ်ကောင်စီတပ်အတွင်းပိုင်းမှာ စစ်ဆေးတာမျိုးပြုလုပ်နေတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကို ခုလိုမျိုး ပြန်ပေးဆွဲသလို ဖမ်းဆီးနေတဲ့အပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေကို ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ခေါင်းငုံမခံချင်တော့တဲ့ စိတ်မျိုးတွေလည်း ဖြစ်လာတာမျိုးရှိတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ခုက ခဏဆိုပြီး ခေါ်ခိုင်းတယ် ပြီးရင် တစ်ခါထဲခေါ်သွားတာမျိုးဖြစ်နေတာ ဘယ်ခေါ်သွားမှန်လည်း မသိရဘူး ဘယ်တော့ ပြန်လွတ်လာမယ်ဆိုလည်း မသိရဘူး ပြန်ပေးဆွဲမယ့်သူ ကိုယ်တိုင် လိုက်ပို့ပေးရသလို ဖြစ်နေတယ်”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေကို ဖမ်းဆီးပြီးနောက်ပိုင်း အချင်းချင်းမကျေနပ် မှုတွေ နားလည်မှုလွဲတာတွေ အရင်ကထက် ပိုများလာပြီး စ်ခရှိအချိန်ထိတော့ အချင်းချင်း ပစ်ခတ် တာမျိုး ဖြစ်စဉ်တော့ မရှိသးဘူးလို့ ဆိုပါတယ်။

#ဧရာဝတီ #PDF #ရဲ #စစ်ကောင်စီ
#Ayeyarwaddy_Times