ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲစခန်းကို ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

အဆိုပါ ကနောင်နယ်မြေရဲစခန်းကို လက်လုပ်ဗုံး ၁ လုံးနဲ့အတူ သေနတ် ၁၀ ချက်ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုရှိ မရှိကို တော့ မသိရသေးဘူးလို့ဆိုပါတယ်။

ပစ်ခတ်မှုတွေအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက မြို့အတွင်းပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းကိုတိုက်ခိုက်တာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာဆိုတာကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့ပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကနောင်မြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရသေးတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

#မြန်အောင် #ကနောင် #ရဲစခန်း #ပစ်ခတ်ခံရ #Ayeyarwaddy_Times