ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

ရုရှားနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ယူကရိန်းသို့ အမြောက်ကျည် ၁၀၀၀၀ ထပ်မံ ထောက်ပံ့မယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့က နိုဝင်ဘာလ ၂၃ ရက် နော်ဝေခရီးစဉ်အတွင်း ကြေညာခဲ့ပါတယ်။

အရေးပါတဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယူကရိန်းသို့ ထောက်ပံ့ပေးတဲ့ ပထမအသုတ် Sea King ရဟတ်ယာဉ်တွေ ရောက်ရှိလာချိန်မှာ အခုလို အမြောက်ကျည်တွေ ထောက်ပံ့တာဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ခုခံစစ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။

ဗြိတိန်တော်ဝင်ရေတပ်က ယူကရိန်းတပ်ဖွဲ့ဝင်ဆယ်ဉီးကို Sea King ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ သီ တင်းခြောက်ပတ်ကြာ လေ့ကျင့်မှုသင်တန်းပြီးနောက် အခုလို အမြောက်ကျည်တွေ ထောက်ပံ့တာဖြစ်ပါတယ်။

ယူကရိန်းသို့ စတာလင်ပေါင် သန်း ၅၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ပြီးခဲ့တဲ့အပတ်အ တွင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ကြေညာခဲ့ပါသေးတယ်။

ဗြိတိန်က ယူကရိန်းသို့ ထောက်ပံ့တဲ့ စစ်လက်နက်တွေထဲမှာ လေယာဉ်ပစ်လက်နက် ၁၂၅ လက်၊ ဒါဇင်နဲ့ ချီတဲ့ ရေဒါတွေ၊ ဒရုန်းဖျက်နည်းပညာတွေ အပါအဝင် အီရန်နိုင်ငံက ရုရှားသို့ ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေကို တန်ပြန်နိုင်တဲ့နည်းပညာတွေ ပါဝင်ပါတယ်။

ဗြိတိန်လေယာဉ်တင်သင်္ဘော HMS အဲလိဇဘတ်ဘုရင်မပေါ်မှာပြုလုပ်တဲ့ ဥရောပမြောက်ပိုင်းအဖွဲ့ ကာ ကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ဖို့ ဘင်ဝေါလေ့က နော်ဝေနိုင်ငံသို့ ရောက်ရှိနေတာပါ။

အစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းသို့ တရားမဝင်ကျူးကျော်မှု၊ ဉရောပတိုက်မြောက်ပိုင်း လုံခြုံရေးအ ခြေအနေနဲ့ ဆွီဒင်နဲ့ဖင်လန်နိုင်ငံတွေရဲ့ နေတိုးအဖွဲ့ဝင်လျှောက်ထားမှုကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကိုးကား – India Today
Ref; UK adds artillery rounds, helicopters to military aid to Ukraine