ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၂၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်နှင့် ချင်ႈအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)တို့အကြား နိုဝင်ဘာလ ၂၁ရက်နေ့ မှ ၂၃ ရက်နေ့အထိ ၃ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ကြောင်း CNO/CNDF မှ ယမန်နေ့နိုဝင်ဘာ ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိသည့်အပြင် အတည်မပြုနိုင်သေးသည့် စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများလည်းရှိကြောင်း CNDF ထံမှ သိရသည်။
“ဒဏ်ရာရတဲ့ ကျွန်တော်တို့ရဲဘော်တွေက ကုသမှုခံယူနေကြဆဲဖြစ်တယ်။ မနဲ့က စစ်ကောင်စီဘက်က လက်နက်ကြီးဗုံးပစ်လို့ သီးဘွာလ်ရွာက နေအိမ်၃လုံးမီးလောင်သွားတယ်။ အဲ့ဒီဗုံးက ရေထဲမှာလည်းလောင်နိုင်တယ်လို့ သိရတယ်။ ဘာနဲ့လုပ်ထားပြီး ဘာလက်နက်အမျိုးအစားလဲဆိုတာ မသိရသေးဘူး။ မီးလောင်ဗုံးလို့ပဲသိရသေးတယ်။ အဲ့ဒီဗုံးကို ဖလမ်းမြို့နယ်မှာတော့ စကစတပ်တို့ ပထမဆုံးအကြိမ် သုံးတာဖြစ်တယ်”ဟု CNDF တပ်ဖွဲ့ဝင်တစ်ဦႈက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၃ ရက်ကြာ ၂ ဖက်တိုက်ပွဲများအတွင်း CNDF ရဲဘော် ၁ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်များမှ ပစ်ခတ်သောမီးလောင်ဗုံး လက်နက်ကြီးကြောင့် နေ့လည် ၁၂နာရီခန့်တွင် သီးဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သီးဘွာလ်တပ်စခန်းရှိ စစ်ကောင်စီတပ်နင့် CNDFတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၅ရက်မှတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာလျှက်ရှိပြီး အချိန်မရွေး နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်ကြောင်း CNDF တပ်ဖွဲ့ထံမှ သိရသည်။
#ဖလမ်း #သီးဘွားလ် #စစ်ကောင်စီ #တပ်စခန်း #တိုက်ပွဲ #CNDF
#Ayeyarwaddy_Times