ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၃) ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် (၄) ထောင့်တွင် နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီအချိန်၌ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရ​ကြောင်း ရပ်ကွက်​နေ ပြည်သူများထံမှသိရသည်။

​အပစ်ခံရသူသည် ဦးဇော်နိုင်ဝင်း (အငြိမ်းစားဗိုလ်မှူးကြီး) ဖြစ်ပြီး နေအိမ်ရှေ့တွင် သစ်ပင်များရေလောင်းပြီး အိမ်အဝင်ခြံစည်းရိုးတံခါးအရောက်တွင် အပစ်ခံရပြီး ၎င်းကို အမှတ် (၂) မဂ်လာဒုံ စစ်​ဆေးရုံသို့ ပို့​ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“သူက တပ်မ ၇၇ က အငြိမ်းစားယူထားတာ။ ပစ်သွားသူ​တွေကို​တော့ မသိဘူး။ သူ ယာဘက် ရင်အုံမှာ ကျည်ထိတယ်။ ဒဏ်ရာက စိုးရိမ်ရတယ်။ ​သေဖို့များတယ်”ဟု သင်္ဃန်းကျွန်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်မှ အငြိမ်းစား ယူသူများထဲမှ အချို့သည် လက်ရှိ အာဏာသိမ်း စစ်တပ်၏ အမာခံထောက်တိုင် လူပုဂ္ဂိုလ်များအဖြစ် စစ်တပ်ကို သတင်းပေးမှုများ၊ အားပေးကူညီမှုများ ပြုလုပ်နေကြောင်း ​မြေ​အောက်​တော်လှန်​ရေး သမားများက ​ပြောကြားထားသည်။

ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဆရာဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ဦးအုန်းသွင်နှင် သားမက်ဖြစ်သူတို့ ပစ်သတ်ခံခဲ့ရပြီး အာဏာသိမ်း စစ်တပ်ဘက်မှ ထုတ်ပြန်ချက်များအရ ပစ်သူများကို ဖမ်းမိသည်ဟု ဆို​သော်လည်း အမှန်တကယ် မဟုတ်​ကြောင်း ​မြေ​အောက်​တော်လှန်​ရေး သမားတချို့ထံက သိရသည်။

လက်ရှိအချိန်တွင် စစ်တပ် အငြိမ်းစားများသည် ​နေပြည်​တော်သို့ ​ပြောင်း​ရွှေ့မှု့ များပြား​နေပြီး ၎င်းတို့အ​နေဖြင့် အာဏာသိမ်းစစ်တပ်၏ အကာအကွယ် ​ပေးမှုကို မရသဖြင့် ​ဝေဖန်လာကြသည်။

“ကျ​နော်တို့ကို စစ်တပ်​ထောက်ခံသူလို့ ဆိုချင်သူ​တွေ အများကြီး။ စစ်မှု့ထမ်း​ဟောင်း အဖွဲ့က လူ​တွေ​ကြောင့်ဗျ။ စစ်တပ်​ပေးတာ ​နေရာယူတယ်။ ​လုပ်ပိုင်ခွင့်တွေ ရတယ်။ ​အောက်​​ခြေတပ်သာ စစ်မှုထမ်း​ဟောင်း​တွေ အခု စာအုပ်​တောင် ထွက်မ​ရောင်းရဲ​တော့ဘူး။ ဂုဏ်သိက္ခာ တပြားမှမရှိသလို ​အောက်​ခြေ စစ်မှုထမ်း​ဟောင်း​တွေ ဘဝက ​
အောက်ဆုံးဘဝ ရောက်နေပြီ”ဟု မဂ်လာဒုံမြို့နယ်ရှိ စစ်မှုထမ်း​ဟောင်း ပြန်တန်းဝင်အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

#Ayeyarwaddy_Times