ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

တရုတ်နိုင်ငံ ကျောင်ကျိုးမြို့တော်ရှိ ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းစက်ရုံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။

ရာနဲ့ချီတဲ့ အလုပ်သမားတွေ ချီတက်နေပြီး အချို့က အကြမ်းဖက်ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံကာ အလုပ်သမားအချို့ကို ရဲတွေက ရိုက်နှက်နေပုံကို ရုပ်သံပြကွက်တွေက ပြသနေပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာကြောင့် အိုင်ဖုန်းကုမ္ပဏီက စက်ရုံဝင်းကို ပိတ် ထားကာ အလုပ်သမားအချို့ အလုပ်ရပ်နားရတာကြောင့် နေရပ်ပြန်ကြရပါတယ်။

အိုင်ဖုန်းကုမ္ပဏီက အပိုဆုကြေးပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ အလုပ်သမားသစ်တွေ ခန့်အပ်ခဲ့ပါ တယ်။ “အခွင့်အရေး ကာကွယ်ပေးပါ” ဆိုပြီး အလုပ်သမားတွေ အော်ဟစ်နေတာကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရ ပါတယ်။

အိုင်ဖုန်းစက်ရုံကပေးတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေက စောဒကတက်ကာ ပေးမယ်လို့ ကတိပေးထားတဲ့ အပိုဆုကြေးတွေလဲ မရရှိခဲ့ဘူးလို့ ပြောပါတယ်။

“အိုင်ဖုန်းစက်ရုံက ကတိပေးထားတဲ့ အပိုဆုကြေးကို အလုပ်သမားတွေကို မပေးချင်လို့ သဘောတူညီ ချက်ကို ပြောင်းပစ်ခဲ့ပါတယ်။ အလုပ်သမားတွေကို ကွာရန်တင်းဝင်ခိုင်းပေမယ့် အစားအသောက် မပေးပါဘူး” အ လုပ်သမားတစ်ဉီးက ပြောပါတယ်။

အစောပိုင်းကပ်ဘေးကာလအတွင်း ကိုဗစ်ကူးစက်ခံရတဲ့ ဝန်ထမ်းတွေဆီကနေ ရောဂါကူးစက်ခံရမှာကို အလုပ်သမားသစ်တွေက စိုးရိမ်နေတယ်လို့ သူက ဆိုပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ အိုင်ဖုန်းစက်ရုံမှာ ရဲတပ်ဖွဲ့ဝင် တွေအများအပြား ဖြန့်ကြက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်ကျိုးမြို့ရှိ စက်ရုံမှာ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် အိုင်ဖုန်း ၁၄ အမျိုးအစား တင်ပို့မှု ကျ ဆင်းသွားမယ်လို့မျှော်မှန်းကြောင်း ဒီလအစောပိုင်းမှာ Apple က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ – တရုတ်နိုင်ငံရှိ Apple Store တစ်ခု။

ကိုးကား – BBC
Ref; China Covid: Angry protests at giant iPhone factory in Zhengzhou