ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းလမ်း တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အိမ်စီးကားတစ်စီးယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

အဆိုပါ အိမ်စီးကားသည် ညောင်ဦး-ကျောက်ပန်းတောင်းလမ်းအတိုင်း ကိုယ်ဝန်ဆောင်မွေးလူနာကို ဆေးရုံသို့သွား ရောက်ပို့ဆောင်ရာမှ မိုင်တိုင် ၁၇/၅ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်ပါသူ ၅ ဦးအနက် ၃ ဦးသေဆုံးခဲ့ပြီး မွေးလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သေဆုံးခြင်းမရှိဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“မွေးလူနာလာပို့တာကားက။ အမြန်မောင်းလာပုံရတယ်။ အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ကားပေါ်ပါတဲ့သာ ၅ ဦးအနက်က ၃ ဦးသေတယ်။ ကျန်နှစ်ယောက်မှာ ကိုယ်ဝန်သည်ရယ် နောက်တစ်ဦးရယ်က ရှင်တယ်”ဟု ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယာဥ်ပေါ်ပါသူ ၅ ဦးမှာ အမျိုးသမီး ၄ ဦးနှင့် အမျိုး သား ၁ ဦးတို့ဖြစ်ပြီး တိမ်းမှောက်မှုကြောင့် အမျိူးသမီး ၃ ဦးသေဆုံးပြီး ကိုယ်ဝန်သည်နှင့် အမျိုးသား ၁ ဦး အသက်သေဆုံးမှုမရှိသော်လည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုယ်ဝန်ဆောင်နှင့်အမျိုးသားအား ညောင်ဦးမြို့ နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့တာဝန်ခံက ပြောသည်။

ဓာတ်ပုံ – CJ
#ညောင်ဦး #ယာဥ်တိမ်းမှောက် #အိမ်စီးကား #၃ဦးသေဆုံး #AyeyarwaddyTimes