ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းတွင် ၂၀၂၂ ခုနှစ် ကြားကာလ
ပညာသင်ကြားရေး စုံညီပွဲတော်ကို နိုဝင်ဘာလကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပြည့်သူ့အခြေပြုကျောင်းတွင် KG မှ G-10 အထိပညာသင်ကြားသည့် ဆရာ ဆရာမ ၂၃ ဦးမှ ကျောင်းသား ကျောင်းသူပေါင်း ၄၇၀ ဦး ကို ပညာသင်ကြားပေးခဲ့တယ်လို့ ဒေသခံများထံကသိရသည်။

ပညာအရည်အချင်း အကဲဖြတ်စစ်ဆေးခြင်း စာမေးပွဲများကို G-1 မှ G-10ထိ ကျင်းပပြုလုပ်ခဲ့ ပြီး ပညာရည်ချွန်ဆုပေါင်း ၂၉ ဆုကို စုံညီပွဲတော်တွင် ပေးအပ်ချီးမြင့်ခဲ့ကြောင်းသိရသည်။

ဒါ့ပြင် ဆောင်းရာသီအားကစားပွဲတော်များလည်းထည့်သွင်း ကျင်းပပြီး ဘောလုံး၊ ပြေးခုန်ပစ်၊ ထုတ်စည်းထိုး၊ ခြင်းခတ် စသည့် အားကစားနည်း ၁၁ နည်းတွင် အားကစားထူးချွန်ဆု ၉၆ ဆုကို ချီးမြင့်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်ကို ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူတွေ ရာနဲ့ချီတတ်ရောက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှ အကပဒေသာများဖြင့်ဖျော်ဖြေခဲ့ကြ
ကြောင်းသိရသည်။

ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times