ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက်နဂါးညီနောင်တပ်ဖွဲ့ပြောက်ကျားတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ” အောင်ပွဲချီတက် M4 တစ်လက်” Challenge ပြုလုပ်ထားကြောင်းသိရသည်။

အဆိုပါ Challenge အား နိုဝင်ဘာ ၁၅ ရက်မှ လာမည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ၂ လကြာပြုလုပ်မည်ဖြစ်ပြီး M4 တစ်လက်စာတန်ဖိုးငွေအတွက် အကူညီတောင်းခံခြင်းဖြစ်သည်ဟုဆိုသည်။

တော်လှန်ရေးစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ နဂါးညီ နောင်ပြောက်ကျားတပ်ဖွဲ့တွင် ၁ တောင့်ထိုးလက် လုပ် သေနတ်များကိုသာကိုင်ဆောင်အသုံးပြုတိုက်ပွဲဝင်နေရသဖြင့် တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး မောင်းပြန်သေနတ် ၁ လက်ပိုင်ဆိုင်နိုင်ရေး ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တာဝန်ခံကပြော သည်။

“ကျွန်တော်တို့မှာ ခုချိန်ထိ မောင်းပြန်ဆိုတာလည်း မမြင်ဖူးဘူး။ ကိုင်လည်း မကိုင်ဖူးဘူး၊ လက်လုပ်တစ်တောင့်ထိုးတွေနဲ့ပဲ စစ်ခွေးတွေကို တော်လှန်နေရတာ။ လက်နက်မမျှတမှုကြောင့် ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲ့အသက်တွေ ၃၀ ကျော်ပြီဗျ။ကျွန်တော်တို့မှာ လက်လုပ်လေးတောင်အလက် ၂၀ ပဲရှိတယ်။ လူစေ့ မကိုင်နိုင်ဘူး။ မောင်းပြန်တစ်လက်ဖိုးချဲလန့်လုပ်ပြီးမေတ္တာရပ်ခံတာပါ “ဟု နဂါးညီနောင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပိုင်ကြီးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

နဂါးညီနောင်တပ်ဖွဲ့သည် ပခုက္ကူခရိုင်အတွင်းအခြေပြုလှုပ်ရှားနေပြီး တော်လှန်ရေးစတင်ချိန်မှစ၍ တိုက်ပွဲပေါင်း ၈၀ ကျော် ဖော်ဆောင်ခဲ့ပြီးဖြစ်ကာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

Challengeတွင်ပါဝင်လိုသူများအနေဖြင့် အောက်ပါ fb page သည် နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့ link ကိုဆက်သွယ်နိုင်ပါသည်။

https://www.facebook.com/profile.php?id=100086102482611…

#ပခုက္ကူ #နဂါးညီနောင် #M4 #မောင်းပြန် #Challange #ပြုလုပ် #AyeyarwaddyTimes