ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန် နေ့နိုဝင်ဘာလ ၂၂ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ အရက်ဝိုင်းဖွဲ့သောက်စားနေစဥ် လက်ပစ်ဗုံးဖြင့်ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးထိခိုက်သေဆုံးခဲ့သည်ဟုဆို သည်။

“အရက်ဝိုင်းအလယ်ကိုကျတာ ဗုံးက။ ၅ ယောက်သေတယ်။ ၂ ယောက်က ဒဏ်ရာပြင်းထန်ရတယ်လို့ မြေပြင်သတင်းပြန်ရတယ်။ အဲဒီ ၂ ယောက်လည်း သေမှာပါပဲ”ဟု Zeroပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Zero ပျောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း ၇ မြင်းခြံခရိုင်နှင့် True Fighter အဖွဲ့တပ်ခွဲ ၃ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများမှာ ပြန် လည်ပစ်ခတ်နိုင်ခြင်းမရှိသော်လည်းမြန်မာ့စီးပွားရေးဘဏ်အနီးရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်သားများမှ လိုက်လံပစ်ခတ်ခဲ့သဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။

” ကျနော်တို့ဗုံးပစ်ပြီးတော့ စာသင်ကျောင်းက ကောင်တွေကလိုက်ပစ်တာ ထိခိုက်ဒဏ်ရာရတာတချို့ရှိတယ်” ဟု မြင်းမူ Truth Fighter တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်တွင် တ​ပ်စွဲထားသည့် စစ်ကောင်စီတပ်သားများမှာ မကြာခဏတိုက်ခိုက်ခံရ၍ ထိ ခိုက်သေဆုံးမှုများရှိပြီး ယခုလအစောပိုင်းကလည်းတိုက်ခိုက်ခံခဲ့ရသေးကြောင်းသိရသည်။

#မြင်းမူ #မစဘ #စစ်ကောင်စီတပ် #ဗုံးပစ်ခံရ #၅ဦးသေဆုံး #AyeyarwaddyTimes