ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

သြစတေးလျနဲ့ နယူးဇီလန်ဘဏ်လုပ်ငန်းအုပ်စု ANZ Bank က လုပ်ငန်းပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကြောင့် လာမယ့်နှစ်မှာ မြန်မာနိုင်ငံမှ ထွက်ခွာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခုလို ANZ Bank က မြန်မာနိုင်ငံမှထွက်ခွာဖို့ စီစဉ်တာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးနောက် ကမ္ဘာ့ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ကိုင်မယ်ဆိုရင် သတိထားနေကြတာကို မီးမောင်းထိုးပြနေပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းတွေ ရှုပ်ထွေးတာကြောင့် လုပ်ငန်းလည် ပတ်မှု ရပ်ဆိုင်းဖို့ဆုံးဖြတ်တာလို့ ANZ Bank က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက် ပိုင်း အမေရိကန်ဉီးဆောင်သော အနောက်နိုင်ငံတွေက အာဏာသိမ်းခေါင်းဆောင်တွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ လက်နက်ပွဲစားတွေကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

တရားမဝင် ငွေကြေးစီးဆင်းမှုကို ဖြေရှင်းရာမှာ တိုး တက်မှုမရှိခြင်းကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့် အဖွဲ့ (FATF) က ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

“ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကို အသေအချာ ထည့်သွင်းစဉ်းစားပြီး အခုလို ဆုံး ဖြတ်ခဲ့တာဖြစ်ပါတယ်” လို့ ANZ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဆိုင်မွန်အိုင်ယာလန်က ထုတ်ပြန်ချက်အတွင်း ပြောကြားပါတယ်။

ANZ ဘဏ်မှာ ၂၀၁၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ကာ နိုင်ငံတကာကုမ္ပဏီတွေအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; ANZ Bank to Withdraw From Myanmar Over ‘Operational Complexity’