ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
မကြာသေးမီက မြန်မာနိုင်ငံမှာ အကျဉ်းသားထောင်နဲ့ချီ လွှတ်ပေးတာဟာ နိုင်ငံတကာကိုလှည့်စားတဲ့ စစ်ကောင်စီရဲ့ အပေါ်ယံလုပ်ရပ်သာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်ပြသူ သောမတ်တွမ်အန်ဒရူးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အကျဉ်း သား ၅၇၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။
“အကျဉ်းသားတွေ လွှတ်ပေးတာကို ကျွန်တော် ကြိုဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင် စီရဲ့ အကျဉ်းသားတွေ လွှတ်ပေးတာကို ဂုဏ်ပြုရမှာမဟုတ်ဘဲ စစ်ကောင်စီက ပျော့ပျောင်းယောင်ဆောင်တယ်ဆို တာ မှတ်ယူရမှာဖြစ်ပါတယ်” လို့ တွမ်အန်ဒရူးက ဆိုပါတယ်။
စစ်ကောင်စီက လွှတ်ပေးလိုက်သူအချို့ကို ချက်ချင်း ပြန်ဖမ်းဆီးခဲ့သလို ရခိုင်ပြည်နယ်က ကျေးရွာတစ် ရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူဆယ်ဉီးထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေကြားခဲ့ရ တယ်လို့ သူက ပြောပါတယ်။
လာမယ့်နှစ်မှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲက ယုတ္တိမရှိဘူးလို့ တွမ်အန်ဒရူးက ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေး ထောင်ချောက်ထဲမသက်ဆင်းမိဖို့ သို့မဟုတ် ရွေး ကောက်ပွဲကို မထောက်ခံဖို့လည်း သူက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေက မြန်မာ့အရေးကို တုံ့ပြန်ရာမှာ ပြန်လည်စဉ်းစားဖို့ လိုအပ်နေပြီး မြန်မာ့ပဋိပက္ခက အန္တရာယ်ရှိသော အခိုက်အတန့်သို့ရောက်ရှိနေပြီလို့ သူက ဆိုပါတယ်။
ကိုးကား – Daily Mail
Ref; UN expert questions sincerity of Myanmar’s prisoner release