ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်တစ်ခုကြောင့် သေဆုံးသူဉီး ရေ ၆၂ ဉီးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

ဂျာဗားကျွန်းအနောက်ပိုင်းမှာ မနေ့က နေ့လည်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနောက်ဂျာဗားပြည်နယ် စီရန်ဂျာခရိုင်မှာ လူ ၆၂ ဉီး သေဆုံးခဲ့တယ်လို့ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။

ပြိုကျအဆောက်အအုံတွေရဲ့ အပျက်အစီးတွေအောက်မှာ လူ ၂၅ ဉီး ပိတ်မိနေဆဲပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ္စည်းကိရိယာ ပြတ်လပ်မှုတွေ၊ လမ်းပိတ်ဆို့မှုဖြစ်စေတဲ့ မြေပြိုမှုတွေကြောင့် ကယ်ဆယ်ရေးလုပ် ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေများစွာကို ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးနေတာကို ငလျင်လှုပ်ခတ်ရာ ဧရိ ယာအတွင်း ရုပ်သံပုံများက ပြသနေပါတယ်။

အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် နေအိမ် ၂၂၀၀ ကျော်နဲ့ အဆောက်အအုံတွေကို ပျက်စီးကာ ပြည်သူ ၅၃၀၀ ခန့် ယာယီတဲအိမ်တွေ၊ အခြားအဆောက်အအုံတွေမှာ ခိုလှုံနေရပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပြိုကျအ ဆောက်အအုံတွေနဲ့ ခပ်ဝေးဝေးနေကြဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Earthquake death toll climbs in Indonesia, dozens still trapped