ဧရာဝတီတိုင််းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၂၂ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဘွာလ်သဲရွာမှ နိုဝင်ဘာလ ၁၉ရက်နေ့က ပျောက်ဆုံးသွားသော ဦးဟောင်ကျုံးနုံကို ဒဏ်ရာများနှင့်ရုပ်အလောင်းအား ယနေ့ မနက် ၉ နာရီခန့်တွင် CNDF ရဲဘော်များမှ တောတွင်းတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသ်ိရသည်။
သေဆုံးသူမှာ အသက်၅၆နှစ်ရှိသော မွေးရာပါမသန်စွမ်းသူဖြစ်ပြီး ၄င်း၏အဒေါ်ဖြစ်သူ ၆၂ နှစ်အရွယ်ရှိ စိတ်ပုံမှန်မဟုတ်သူ ဒေါ်လာလ်ထန်းဆဲန် နှင့်အတူ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကာ ဦးဟောင်ကျုံးအား သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒေါ်လာလ်ထန်းဆဲန်မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“ဒီမနက်် ၉နာရီဝန်းကျင်မှာ ရုပ်အလောင်းနဲ့ပြန်တွေ့ကြောင်းကျွန်မတို့ကို ဖုန်းဆက်လာတယ်။ ခုတလော တိုက်ပွဲတွေ ပြင်းထန်လို့ ကျွန်မတို့က ရွာမှာ မနေဘဲလုံခြုံတဲ့တခြားရွာမှာ နေတာ။ အဒေါ်ဖြစ်သူကိုတော့ ပြန်မတွေသေးဘဲ သူဖိနပ်ကိုသာ ဒီရုပ်အလောင်းဘေးမှာ တွေ့ကြတယ်။ စကစတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်သွားတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘွာလ်သဲကျေရွားအနီးတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ဘွာလ်သဲရွာသားများသည် အခြားနေရာသို့ စစ်ဘေးရှောင်နေထိုင်ကြသော်လည်း ၄င်း ၂ ဦးမှာ မသန်စွမ်းသူများဖြစ်သည့်အတွက် ရေရှည်စစ်ဘေးရှောင်နေထိုင်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
“သူတို့ပျောက်သွားပြီလို့ သိကတည်းက ကျွန်နော်တို့ လိုက်ရှာကြတယ်။ ဒီမနက်မှာ တောတနေရာမှာ အလောင်းနဲ့တွေ့တယ်။ သီႈဘွာလ်စခန်းက စကစတပ်ဖွဲ့တွေကတော့ ဒီနှစ်ဦးရဲ့အကြောင်းကို ကောင်းကောင်းသိကြတော့ အရင်ကလည်ႈဘာမှမလုပ်ကြဘူး။ ခုကပြီးခဲ့တဲ့ရက်က စကစဘက်မှ စစ်ကူလာတဲ့သူတွေရဲ့
ယုတ်မာတဲ့လက်ချက်ပဲ”ဟု CNDFအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သတ်ဖြတ်ခံရသော ဦႈဟောင်ကျုံႈနုံ၏ရုပ်အလောင်းကို CNDFရဲဘော်များမှ လုံခြုံသည့်တနေရာတွင် ယနေ့ ညနေ ၃နာရီဝန်းကျင်၌ သဂြိုလ်ပေးခဲ့ကြောင်း ဒေါ်လာလ်ထန်းဆဲန်ကိုလည်း ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း CNDF ထံမှ သိရသည်။
#ဖလမ်း #မသန်စွမ်း #ရွာသား #စစ်ကောင်စီ #သတ်ဖြတ်
#Ayeyarwaddy_Times