ဧရာဝတီတိုင်းမ်
(မြိုင်)၊ နိုဝင်ဘာလ ၂၂ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကနေ ကား ၂ စီးနဲ့ လိုက်ပါလာသည့် ပျူစောထီးများကို နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တွင်းမပျူစောထီးရွာနှင့်သရက်ကန်ပျူစောထီးရွာကြားရှိ တပ်မ (၁၀၁) မှပြန်လာသည့် သရက်ကန်ပျူစခန်းမှ ကား ၂စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ဇော်ထက်အောင် သေဆုံး၍ ၄ ယောက်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တယ် လို့ PDF တပ်ဖွဲ့ဝင်များကပြောသည်။

“သရက်ကန်ပျူစခန်းကကား ၂ စီးကိုလက်နက်ငယ်နဲ့ ဝိုင်းပြီး အလစ်တိုက်ခိုက်တာ ၁ ယောက်သေတယ်၊ ကျန်တဲ့စစ်သား ၂ယောက်ရယ် ပျူစောထီး၂ယောက်ရယ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သရက်ကန်ရွာထဲပြန်ခေါ်သွားတယ်၊ အတိအကျတော့မသိရပေမဲ့ သေဆုံးနိုင်တယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဗိုလ်လက်ယျာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒါ့ပြင် သရက်ကန်ပျူစောထီးစခန်းမှာ အနီးပတ်ဝန်းကျင်မှ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ ချွေးနဲစာများကို ခိုးယူခြင်းများပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ စခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံများပြောပြချက်အရသိရသည်။

#Ayeyarwaddy_Times