ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

သြစတေးလျအစိုးရက မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူသင့်တယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း မြန် မာနိုင်ငံရှိ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သြစတေးလျ စီးပွားရေးပညာရှင်၊ ဒေါ်အောင် ဆန်းစုကြည်၏အကြံပေး ရှောင်တာနယ်လ်က အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုလိုနီခေတ် အင်းစိန်ထောင်မှာ ပထမဆုံး အကျဉ်းချခံခဲ့ရပုံနဲ့ နေပြည်တော်မှာ ထိန်းသိမ်းခံရပုံတွေကို စတဲ့ ရက်ပေါင်း ၆၅၀ အကျဉ်းချခံရတဲ့အကြောင်းတွေိကို ရှောင်တာနယ်လ်က The Australian သတင်းစာသို့ ပြောပြခဲ့ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးဉပဒေ ချိုးဖောက်မှုကြောင့်ဆိုကာ ရှောင်တာ နယ်လ်ဟာ စက်တင်ဘာလအတွင်း ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

ရှောင်တာနယ်လ်အပါအဝင် အကျဉ်းသား ၆၀၀၀ နီးပါးဟာ စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့အပတ် လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

သူဟာ အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ငါးကြိမ် ကူးစက်ခံခဲ့ရပြီး စာအုပ် သို့မဟုတ် အိပ်ယာမပါဘဲ လနဲ့ချီ တိုက်ပိတ်ခံခဲ့ရတယ်လို့ ရှောင်တာနယ်လ်က ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့အိပ်မက်တွေ ပျက်သုံးခဲ့ရတာကြောင့် စစ်ကောင်စီ တာဝန်ရှိသူတွေ၊ ဘဏ်လုပ်ငန်း ရှင်တွေကို ဒဏ်ခတ်အရေးယူသင့်တယ်လို့ သူက ဆိုပါတယ်။

သြစတေးလျနိုင်ငံက မြန်မာနိုင်ငံသို့ စစ်လက်နက်များတင်ပို့မှု ပိတ်ပင်ကာ စစ်တပ်မှ ဗိုလ်ချုပ်ကြီးငါးဉီး ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပါတယ်။

ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံရဲ့ ဖိအားအပါအဝင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးနောက် ရှောင်တာ နယ်လ် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ကိုးကား – The Australian Daily
Ref; Released Australian Adviser Supports Sanctions Against Myanmar Officials