ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်အကြာမှာ မြန်မာငွေစက္ကူ ၁ သောင်းကျပ်တန် အတုတွေ နေရာအများစုမှာတွေ့ရှိလာတယ်လို့ သိရပါတယ်။
ကျောက်တွင်းတွေရှိတဲ့တဝိုက်က ဈေးဆိုင်တွေမှာ ၁ သောင်းကျပ်တန်ငွေစက္ကူအတုတွေကို အမည်မသိသူတွေ ဒေသခံမဟုတ်တဲ့သူတွေက သုံးစွဲလာတာလို့ ဒေသခံတွေက ပြောပါတယ်။
အတုနဲ့ဈေးလာဝယ်လို့ ကျနော့်တိုကိုဖုန်းဆက်တော့ သွားစစ်ပေးတယ် အဲ့တော့ အတုဖြစ်နေတယ် လူတော့ ဖမ်းမမိလိုက်ဘူး အများဆုံးတွေ့နေတာတော့ ဖားကန့်ဆိုင်းတောင်ဘက်မှာတွေ့နေတာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ခုလိုမျိုး ၁ သောင်းကျပ်တန် မြန်မာငွေစက္ကူအတုတွေတွေ့လာတာကြောင့် အရောင်း အဝယ်လုပ်သူတွေအနေနဲ့ သတိထား အချိန်ပေးပြီး ငွေကို စိစစ်ယူဖို့အတွက်လည်း သတိပေးချင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက ခုလိုမျိုး ငွေစက္ကူ ၁ သောင်းကျပ်တန်အတုတွေတွေ့ရှိလာတာ ဟာ အမည်မသိလူတစ်စုက ရည်ရွယ်ချက်ရှိရှိ လိုက်ဖြန့်နေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
#Ayeyarwaddy_Times