ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

ကမ္ဘောဒီးယားနိုင်ငံက မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး မြထွန်းဉီးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မဖိတ်ကြားဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီး တန်း အရာရှိတစ်ဉီးက ပြောပါတယ်။

အခုလို စစ်ကောင်စီခန့်ဝန်ကြီးကို အစည်းအဝေးသို့မဖိတ်ကြားတာဟာ အာဆီယံနိုင်ငံတွေက သံတမန် ရေးအရ စစ်ကောင်စီကို အထီးကျန်ဆန်အောင် ပြုလုပ်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှား ထိပ်တန်းတာဝန်ရှိသူတွေက မြန်မာ့အရေး အခြေအနေဆိုးရွားလာမှုကြောင့် စစ်ကောင်စီကို အာဆီယံအစည်းအဝေးအားလုံး တက်ရောက်ခွင့်ပိတ်ပင်ဖို့ တောင်းဆိုပြီးနောက် သမိုင်းကြောင်းအရ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ တရုတ်လိုမျိုး မြန်မာကို အကာအကွယ်ပေးခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံက အခုလိုဆုံးဖြတ် တာဖြစ်ပါတယ်။

“အကြမ်းဖက်မှုတွေအတွက် ငြိမ်းချမ်းသောအဖြေတစ်ခု မရှာနိုင်သရွေ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေကို တက်ရောက်ခွင့်ရမှာမဟုတ်ပါဘူး” လို့ အမည်မဖော်လိုတဲ့ အမေရိ ကန် အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ သံတမန်ရေးအရ ကိုယ်စားပြုမှုကို အဆင့်နှိမ့်ဖို့ အမေရိ ကန်အစိုးရက တွန်းအားပေးနေပါတယ်။

စစ်ကောင်စီခန့်ဝန်ကြီးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့မဖိတ်ကြားတာဟာ စစ် ကောင်စီရဲ့ တရားဝင်မှုကို ငြင်းဆန်တာဖြစ်တယ်လို့ စင်ကာပူ နန်ယန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက် ပါမောက္ခ အိုင်ယန်ရှောင်က ပြောပါတယ်။

အာဆီယံဟာ ယခင်က စစ်ကောင်စီ ထိပ်တန်းသံတမန် ဝဏ္ဏမောင်လွင်ကို အာဆီယံနိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့်ပိတ်ပင်ခဲ့သလို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း အာဆီယံထိပ်သီးဆွေးနွေးပွဲများသို့ မဖိတ်ကြားခဲ့ပါဘူး။

ကိုးကား – Foreign Policy
Ref; Cambodia Blacklists Myanmar From an ASEAN Meeting