ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ လကုန်ပတ်အတွင်း ညအပူချိန်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ပျှမ်းမျှအပူချိန်ထက် ဧရာဝတီတိုင်းဒေသကြီးမှာ ၁. ၅ ဒီဂရီစင်တီဂရိတ်ကို ပိုလွန်လာနိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ လကုန်ပတ်အတွင်း ညပိုင်းအပူချိန်တိုးလာနိုင်တဲ့အထဲမှာ ဧရာဝတီတိုင်းအပြင် ပဲခူး၊ ရန်ကုန်၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နဘ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့လည်း ပါဝင်နေပါတယ်။

ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေဖြစ်တဲ့ ကချင်ပြည်နယ်မှာတော့ နိုဝင်ဘာလပျှမ်းမျှအပူချိန်အောက်လျော့နည်း နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တိုင်းနဲ့ပြည်နယ်အများစုမှာ ၁ ပတ်အတွင်း မြူထူများဆိုင်နိုင်တဲ့အခြေအနေရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။