ဧရာဝတီတိုင်းမ်
‌နိုဝင်ဘာလ ၂၁ ရက်

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲကင်းစခန်းအား ယနေ့နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် ၄ နာရီခွဲမှစတင်၍ Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့်အတူ ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နံနက် ၄ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲတွင် တောင်ကလေးရဲကင်းစခန်းအားအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ လေကြောင်းဖြင့်အကြိမ်ရေ ၂၀ ကျော် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ၁၆ ဦးအထိ‌သေဆုံးခဲ့ပြီး လက်နက်ငယ် (၁၀) လက် ၊ (၆၀) မမ (၁) လက် နှင့်အတူ ကျည်‌တောင့်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး အခြားပူးပေါင်းစစ်ကြောင်းများ နှင့်တူ Drone အဖွဲ့များဖြစ်သော ANGRY BIRD ၊ ARMS နှင့် SDDF Drone အဖွဲ့များလည်း ပူပေါင်းပါဝင်် တိုက်ခိုက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဓာတ်ပုံ – Lion Battalion Commando
#တောင်ကလေးရဲကင်းစခန်း #တိုက်ခိုက်သိမ်းပိုက် #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times