ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်သူတွေအပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာ ရေးသားတင်ပြသူ သောမတ်တွမ်အန်ဒရူးက တောင်ကိုရီးယားနိုင်ငံ အား တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးကို လေးစားသမှုရှိဖို့ တောင်ကိုရီးယားနိုင်ငံသို့ ခြောက်ရက်ကြာခရီးစဉ် ပြီးဆုံးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွမ်အန်ဒရူးက တောင်ကိုရီးယားနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ ရွှေဓာတ်ငွေ့စီမံကိန်းမှာ တောင်ကိုရီးယားနိုင်ငံမှ POSCO International ရဲ့ ရင်းနှီးမြှုပ်နှံမှု ကို အန်ဒရူးက ထောက်ပြခဲ့ပြီး မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ဟာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရ ပေါက်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေနဲ့ စစ်လက်နက်ရနိုင်တဲ့လမ်းတွေကို ဖြတ်တောက်တာအပါအဝင် မဟာဗျူဟာမြောက် အပြင်းအထန် အရေးယူဖို့ အန်ဒရူးက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံက ရုရှားနဲ့ ရုရှားကုမ္ပဏီတွေကို ဒဏ် ခတ်အရေးယူမှုမှာ ပါဝင်ခဲ့သလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ၊ ဝင်ငွေရပေါက်တွေ ဖြတ်တောက်တာနဲ့ပတ် သက်လို့ အလားတူ အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ဆိုးလ်မြို့တော်ကို ရောက်ရှိလာခဲ့တဲ့ သောမတ်အန်ဒရူးက မြန်မာနိုင်ငံက လူ့အခွင့်အ ရေးပြဿနာတွေ ဖြေရှင်းရာမှာ တောင်ကိုရီးယားနိုင်ငံ ပါဝင်နိုင်မယ့် အခန်းကဏ္ဍကိုဆွေးနွေးဖို့ အစိုးရ တာဝန်ရှိ သူတွေ၊ စီးပွားရေးလုပ်ငန်း အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကိုးကား – KBS World
Ref; UN Rapporteur Urges S. Korea to Impose Sanctions on Myanmar’s Military Junta